International News

ငွေကြေးဖောင်းပွမှု မြင့်တက်လာသောကြောင့် အတိုးနှုန်းများ လာမည့်အပတ်တွင် မြင့်တက်လာနိုင်ခြင်း

Last Updated:

ဩစတြေးလျနိုင်ငံတွင် ၂၀၀၀ ခုနှစ်များအစောပိုင်း၌ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (Goods & Services Tax- GST)  စတင်မိတ်ဆက်ချိန်မှစ၍ စားသုံးသူစျေးနှုန်းများသည် အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။ ယခုနှစ်တွင် လူနေမှုစရိတ်သည် ယမန်နှစ်ကထက် ၅.၁% တက်လာသဖြင့် အနှစ် ၂၀ ကျော်အတွင်း စားသုံးသူဈေးနှုန်းသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ငွေကြေးဖောင်းပွမှု နောက်ဆုံးအကြိမ်သည် ၂၀၀၁ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့ပြီး၊ ယင်းကာလမတိုင်မီလေးတွင် စတင်ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၁၀% ၏ အကျိုး သက်ရောက်မှုကြောင့် စျေးနှုန်းများ ၆.၁% အထိ သိသိသာသာမြင့်တက်ခဲ့သည့် အမြင့်မားဆုံး အချိန်ဖြစ်ခဲ့သည်။

ဩစတြေးလျစာရင်းအင်းဗျူရို (ABS) ၏ နောက်ဆုံးအချက်အလက်များအရ သြစတြေးလျစားသုံးသူစျေးနှုန်းများသည် ယခုနှစ် ပထမသုံးလပတ် တွင် ၂.၁% ခုန်တက်ခဲ့ကြောင်း သိရှိရသည်။ ယခုငွေကြေးဖောင်းပွမှုနှုန်းမှာ Reserve Bank က ရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း အတိုင်း အတာဖြစ်သည့် ၂% - ၃% ထက် ကျော်လွန်၍ ၃.၇% သို့ရောက်ရှိနေရာ လာမည့်အပတ်အတွင်း အတိုးနှုန်းများ မကြာမီမြင့်တက်ရန် ဖိအားများ ထပ်တိုးလာကြောင်း သိရှိရသည်။  ယင်းသည် ၂၀၀၉ ခုနှစ်၊ မတ်လမှစတင်၍ အခြေခံငွေကြေးဖောင်းပွမှုဟုခေါ်သည့် နှစ်စဉ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဓိကသုံးလပတ် အခြေခံငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများထဲမှ တစ်ခုသည် ၁.၄% အထိရောက်ရှိခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

ABS ၏ ထုတ်ပြန်ချက်အရ သုံးလပတ်အတွင်းစျေးနှုန်း ၂.၁% မြင့်တက်မှုအတွက် အကြီးဆုံးမြင့်တက်မှုမှာ နေအိမ်သစ်များအတွက် ကုန်ကျစရိတ် ၅.၇% မြင့်တက်မှု၊ လောင်စာဆီဈေး ၁၁% မြင့်တက်သွားခြင်းနှင့် အထက်တန်းပညာရေးအခကြေးငွေ ၆.၃% မြင့်တက်ခြင်းတို့ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

နေအိမ်သစ်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ဆောက်လုပ်ရေးကဏ္ဍတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ် များ မြင့်တက်လာခြင်းနှင့် ယခင်က ဝယ်ယူသူများအား စရိတ်စကများ မြင့်တက်ခြင်းမှ အကာအကွယ်ပေးထားသည့် အစိုးရ၏ Home Builder ထောက်ပံ့မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ABS ထုတ်ပြန်ချက်အရ မတ်လသုံးလပတ်အတွင်း အောက်တိန်းဓာတ်ဆီ တစ်လီတာလျှင် ၁.၈၃ ဒေါ်လာဖြင့် စံချိန်တင်မြင့်တက်ခဲ့သော်လည်း လက်ရှိသုံးလပတ်တွင် အစိုးရ၏  (၆) လတာ လောင်စာဆီခွန် ထက်ဝက်လျှော့ချမှုကြောင့် ယာဉ်မောင်းများကို တစ်လီတာလျှင် ၂၂ ဆင့်ခန့် သက် သာစေသည်။ တက္ကသိုလ် အခကြေးငွေမြင့်တက်မှုသည် ယမန်နှစ်တွင် စတင်ခဲ့သော ကျောင်းသားပံ့ပိုးကူညီမှုနှင့် အခကြေးငွေများအတွက် အစိုးရ ၏ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေမှုကို ထင်ဟပ်စေကြောင်း ABS က ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး၊ ဓာတ်မြေသြဇာ၊ ထုပ်ပိုးမှုနှင့် ပါဝင်ပစ္စည်းကုန်ကျစရိတ်များ၊ COVID ဆိုင်ရာအနှောင့်အယှက်များနှင့် ရာသီဥတုကောင်းမွန် ချိန်အတွင်း တိရစ္ဆာန်များ ပြန်လည်သိုလှောင်ခြင်းတို့ ပေါင်းစပ်မှုကြောင့် အစားအသောက်စျေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ကြောင်း ABS က ပြောကြားခဲ့သည်။ အစားအသောက်စျေးနှုန်းများ သုံးလပတ်အတွင်း ၂.၈% မြင့်တက်မှုတွင် အများဆုံးမြင့်တက်မှုများမှာ ဟင်းသီးဟင်းရွက်များ (၆.၆ %)၊ အချိုရည်များနှင့် ဖျော်ရည်များ (၅.၆ %)၊ သစ်သီးများ (၄.၉ %) နှင့် အမဲသား (၇.၆ %) တို့ဖြစ်သည်။

ပြည်နယ်အစိုးရ၏ 'Dine and Discover' အမျိုးအစား ဘောက်ချာများဖြင့် ယခုနှစ် ပထမသုံးလအတွင်း ကုန်ခြောက်စျေးနှုန်းများသည် ၄% အထိ မြင့်တက်လာခဲ့ပြီး၊ စားသောက်ဆိုင်များနှင့် ပြင်ပယူဆောင်သွားသော အစားအစာများအတွက် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။ အိမ်သာသုံး စက္ကူနှင့် စက္ကူသုတ်ပုဝါကဲ့သို့သော အခြားကုန်ခြောက်ပစ္စည်းများသည်လည်း သုံးလပတ်အတွင်း စျေးတက်သွားသည်ကိုလည်း မှတ်တမ်းတင်ထား သည်။ ယမန်နှစ်က စျေးနှုန်းအများစုကို မြင့်တက်ခဲ့ခြင်းက ကုန်ပစ္စည်းများကို  ၆.၆%  တဟုန်ထိုးတက်လာစေခဲ့ပြီး၊ ဝန်ဆောင်မှုကုန်ကျစရိတ်များ မှာလည်း ၃% မြင့်တက်ခဲ့ရာ ထောက်ပံ့ရေးပိတ်ဆို့မှုမဟုတ်သည့် ပြင်းထန်သော ပြည်တွင်းစျေးနှုန်းဖိအားများကို ညွှန်ပြနေခြင်းဖြစ်ရာ အချို့မှာ RBA အတွက် စိုးရိမ်စရာဖြစ်နေသည်။ အိမ်ထောင်စုအများစုမှာ လွန်ခဲ့သည့်နှစ်အတွင်း မရှိမဖြစ်လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုကုန်ကျစရိတ် ၏ ၆.၆% ခုန်တက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News